ကုန်ဈေးနှုန်းသတင်း ၂၈.၇.၂၀၂၅
28 Jul
ဇူလိုင်လ ၂၈ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ ဆက်တိုက်ကျဆင်းနေပြီး စားတော်ပဲ၊ ကြက်သွန်နီနဲ့ အာလူးဈေးတွေကတော့ အနည်းငယ် ကျဆင်းလာပါတယ်။ ထန်းလျက်၊ သကြားနဲ့ ကြက်သွန်ဖြူဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၉၆,၇၁၇ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၀၇,၀၀၃ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၄,၉၅၀ ကျပ်ကနေ ၄,၉၈၅ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၉၀,၀၀၀ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၆,၁၈၅ ကျပ်ကနေ ၈,၃၅၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၃၃၀ ကျပ်ကနေ ၄,၈၃၅ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၉၁၅ ကျပ်ကနေ ၄,၁၇၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၅,၀၄၀ ကျပ်ကနေ ၆,၅၅၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၃၈၅ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၇၅၀ ကျပ်ကနေ ၄,၀၀၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၈,၃၃၀ ကျပ်ကနေ ၁၁,၁၇၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၆၇၀ ကျပ်ကနေ ၁,၆၉၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၆,၀၀၀ ကျပ်ကနေ ၆,၇၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၅,၈၃၀ ကျပ်ကနေ ၆,၀၈၅ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၆၀၀ ကျပ်ကနေ ၁,၈၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၄,၁၀၀ ကျပ်ကနေ ၁၀,၅၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၆၀၀ ကျပ်ကနေ ၇,၀၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၅,၇၀၀ ကျပ်ကနေ ၉,၅၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၅၀၀ ကျပ်ကနေ ၄,၇၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၄,၃၀၀ ကျပ်ကနေ ၄,၈၀၀ ကျပ်၊ ပုစွန်ခြောက်(ဖျာပုံရွှေပုစွန်) တစ်ပိဿာကို ၈၀,၀၀၀ ကျပ်ကနေ ၃၀၀,၀၀၀ ကျပ်၊ ငါးကျည်းကြပ်တိုက် တစ်ပိဿာကို ၇၀,၀၀၀ ကျပ်ကနေ ၉၀,၀၀၀ ကျပ်၊ ငါးမြွေထိုး တစ်ပိဿာကို ၄၀,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၃၇ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၄၈၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၅၁၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၉၃၅ ကျပ်၊ မန္တလေးမှာ ၃,၀၄၅ ကျပ်၊ နေပြည်တော်မှာ ၃,၀၁၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၉၉၀ ကျပ်၊ မန္တလေးမှာ ၃,၁၀၅ ကျပ်၊ နေပြည်တော်မှာ ၃,၀၇၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၇၁၀ ကျပ်၊ မန္တလေးမှာ ၂,၈၂၀ ကျပ်၊ နေပြည်တော်မှာ ၂,၇၉၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၃၅၅ ကျပ်၊ မန္တလေးမှာ ၃,၄၇၀ ကျပ်၊ နေပြည်တော်မှာ ၃,၄၃၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၉၀၀,၀၀၀/-) ငါးဆယ် ကိုးသိန်း ကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၇,၈၄၀,၀၀၀ိ/-) ခုနစ်ဆယ် ရှစ်သိန်း လေးသောင်း ရှိနေတယ်လို့ သိရပါတယ်။