“အယ်လ်နာဆာအသင်း က ဂျာအိုဖီးလစ် ကို ခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့ကြောင်း သတင်းများထွက်ပေါ်”

28 Jul

အယ်လ်နာဆာအသင်းဟာ ချဲလ်ဆီးတိုက်စစ်ကစားသမား ဂျာအိုဖီးလစ် ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းများက ဖော်ပြနေကြပါတယ်။ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဟာ ဂျာအိုဖီးလစ် အတွက် ကနဦးပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀ နဲ့ အပိုဆုကြေးယူရိုသန်း ၂၀ ဝန်းကျင် ပေးချေရမယ့်အပြင် တခြားအသင်းထံ ပြန်လည်ရောင်းချခဲ့ရင် အကျိုးအမြတ် များစွာ ထပ်ပေးရမယ့် သဘောတူညီချက်လည်း ပါဝင်တယ်လို့ သိရပါတယ်။ ချဲလ်ဆီးအသင်းက ဂျာအိုဖီးလစ် ကို ၂၀၂၂-၂၃ ရာသီမှာ အငှားနဲ့ ခေါ်ယူခဲ့ပြီး ၂၀၂၄ နွေရာသီမှာ အပြီးသတ်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ၂၀၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ ဂျာအိုဖီးလစ် ကို ၂၀၂၅ ဆောင်းရာသီအပြောင်းအရွှေ့မှာ အေစီမီလန် အသင်းဆီ အငှားချခဲ့ပြီး အခုအခါမှာတော့ အယ်လ်နာဆာအသင်းဆီ ရောင်းထုတ်ခဲ့တာပါ။ ဂျာအိုဖီးလစ် အနေနဲ့ ဆေးစစ်ဖို့သာ ကျန်ရှိနေပြီး မကြာခင် အယ်လ်နာဆာကစားသမား ဖြစ်လာတော့မယ်လို့ ဖော်ပြနေကြပါတယ်။ (NVS 008)

28 Jul

ADVERTISE HERE .