“လူးဝစ်ဒီယက်ဇ် ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်း”
28 Jul
ဘိုင်ယန်မြူးနစ်အသင်းဟာ လီဗာပူးလ်အသင်းရဲ့ တောင်ပံကစားသမား လူးဝစ်ဒီယက်ဇ် ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ လူးဝစ်ဒီယက်ဇ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၇၅ သန်း ပေးချေရမှာဖြစ်ပြီး ၄ နှစ်စာချုပ်ချုပ်ဆိုမယ်လို့ သိရပါတယ်။ လီဗာပူးလ်အသင်းမှာ တစ်နှစ်လစာ ယူရို ၃ သန်းသာရရှိခဲ့တဲ့ လူးဝစ်ဒီယက်ဇ် ဟာ ဘိုင်ယန်မြူးနစ်မှာ တစ်နှစ် ယူရို ၁၄ သန်း ရရှိမှာ ဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် ဒီယက်ဇ် ဟာ လီဗာပူးလ်အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပေမဲ့ အခုနွေရာသီမှာ အသင်းကနေ ထွက်ခွာခွင့်တောင်းထားခဲ့တာ ဖြစ်ပါတယ်။ (NVS 008)
28 Jul