“ရိုဒရီ အတွက် ကာမာဗင်ဂါ၊ ရိုဒရီဂိုတို့နဲ့ အလိုက်ပေးကမ်းလှမ်းခဲ့တဲ့ ရီးရဲလ်အသင်း”
28 Jul
ရီးရဲလ်အသင်းက မန်စီးတီးအသင်းကွင်းလယ်လူ ရိုဒရီ ကို ခေါ်ယူဖို့အတွက် ကာမာဗင်ဂါ၊ ရိုဒရီဂို တို့နဲ့ အလိုက်ပေးကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။ ရီးရဲလ်အသင်းဟာ တိုနီကရူးစ် နဲ့ မိုဒရစ်တို့ မရှိတော့တဲ့နောက် အသင်းရဲ့ကွင်းလယ်ကို ပြန်လည်အားဖြည့်ဖို့ စီစဉ်နေရာမှာ စပိန်ကွင်းလယ်လူ ရိုဒရီ ကို ဒီနှစ်နွေရာသီမှာ ခေါ်ယူနိုင်ဖို့ စဉ်းစားလာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ရီးရဲလ်အသင်းက ရိုဒရီ အတွက် ကာမာဗင်ဂါနဲ့ ရိုဒရီဂို တို့အပြင် ပြောင်းရွှေ့ကြေး ယူရိုသန်း ၄၀ ပေးမယ်လို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။ ဒါပေမယ့် မန်စီးတီးအသင်းက ရိုဒရီ ကို လက်လွှတ်လိုခြင်းမရှိတာကြောင့် ၂၀၂၉-၃၀ ရာသီအထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ရိုဒရီရဲ့လက်ရှိစာချုပ်က ၂၀၂၇ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး လက်ရှိစျေးကွက်တန်ဖိုးက ယူရိုသန်း ၁၁၀ ရှိနေပါတယ်။ (NVS 008)
28 Jul