“အမျိုးသမီးယူရို-၂၀၂၅ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အင်္ဂလန်အမျိုးသမီးအသင်း”
28 Jul
ဇူလိုင်လ ၂၇ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ အမျိုးသမီးယူရို-၂၀၂၅ ဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းက စပိန်အသင်း ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိကာ ချန်ပီယံဖြစ်ခဲ့ပါတယ်။ လက်ရှိချန်ပီယံ အင်္ဂလန်အသင်းဟာ ယူရိုချန်ပီယံ ဆုကို ဒုတိယအကြိမ်မြောက်ရရှိခဲ့ပြီး ယူရိုပြိုင်ပွဲရဲ့ တတိယအအောင်မြင်ဆုံးအသင်း ဖြစ်လာခဲ့ပါတယ်။ အမျိုးသမီးယူရို-၂၀၂၅ ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို စပိန်ကွင်းလယ်ကစားသမား ဘွန်မာတီက ရရှိခဲ့ပြီး အကောင်းဆုံးလူငယ်ကစားသမားဆုကို အင်္ဂလန်တိုက်စစ်မှူး အက်ချ်ယီမန်းက ရရှိခဲ့ကြောင်း သိရပါတယ်။ အကောင်းဆုံးလူငယ်ကစားသမားဆုရခဲ့တဲ့ အက်ချ်ယီမန်းကတော့ အသက် ၁၉ နှစ်အရွယ်သာရှိသေးပြီး အခုပြိုင်ပွဲမှာ အရန်ကစားသမားအဖြစ် စုစုပေါင်း ၁၃၈ မိနစ်သာ ကစားခဲ့ရပေမဲ့ အကောင်းဆုံးဆုရယူနိုင်ခဲ့ပါတယ်။ ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးဆုကိုတော့ စပိန်တိုက်စစ်မှူး အက်စ်သာဂွန်ဇာလက်ဇ်က သွင်းဂိုး ၄ ဂိုးနဲ့ ရရှိခဲ့ပါတယ်။ (NVS 008)