“အကြီးစားရေတပ်စစ်ရေးလေ့ကျင့်မှုကြီးတစ်ရပ်ကို ရုရှားရေတပ်မတော် အပြီးသတ်လုပ်ဆောင်”

28 Jul

ရုရှားရေတပ်မတော်သည် အကြီးစားရေတပ်စစ်ရေးလေ့ကျင့်မှုကြီးတစ်ရပ်ကို ဇူလိုင်လ ၂၇ ရက်တွင် အောင်မြင်စွာ အဆုံးသတ်လုပ်ဆောင်နိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်သည်။ ရုရှားရေတပ်မှ တပ်ဖွဲ့ဝင် များသည် July Storm ဟုအမည်ပေးထားသည့် ရေတပ်စစ်ရေးလေ့ကျင့်မှုကြီးကို ဇူလိုင်လ ၂၃ ရက်မှ ၂၇ ရက်အထိ လုပ်ဆောင်ခဲ့ ခြင်းဖြစ်ပြီး ၎င်းစစ်ရေးလေ့ကျင့်မှုတွင် ရုရှားမြောက်ပိုင်းရေယာဉ်စု၊ ပစိဖိတ်ရေယာဉ်စု၊ ဘောလ်တစ်ရေယာဉ်စုနှင့် ကက်စပီယံရေယာဉ်စုတို့က ပါဝင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုကြီးကို ရုရှားရေတပ်မတော်မှ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ် အလက်ဇန္ဒားမွိုင်းဆိဗ်က ဦးဆောင်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရေတပ်စစ်ရေးလေ့ကျင့်မှုအတွင်း စစ်သင်္ဘောနှင့် ထောက်ပံ့ရေးရေယာဉ်အစင်းပေါင်း ၁၅၀ ကျော်နှင့် စစ်လေယာဉ်အစင်း ၁၂၀ ၊ ကမ်းရိုးတန်း ကာကွယ်ရေးဒုံးကျည်စနစ် ၁၀ ခုနှင့်ရေတပ်ဖွဲ့ဝင် ၁၅,၀၀၀ ကျော် ပါဝင်ခဲ့ကြောင်း သိရသည်။ ယခုအပြီးသတ်လုပ်ဆောင်ခဲ့သည့် ရေတပ်ဖွဲ့၏စစ်ရေးလေ့ကျင့်မှုများသည် ရုရှားတပ်မတော်၏ပစ်မှတ်ကို တိကျစွာပစ်ခတ်နိုင်သည့် တာဝေးပစ်လက်နက်များ၊ မောင်းသူမဲ့လက်နက်စနစ်များနှင့် ခေတ်မီလက်နက်ပစ္စည်းများအား ပေါင်းစပ်အသုံးပြုနိုင်မှု အသင့်အနေအထားရှိစေရန်အတွက် အဓိကဦးတည်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားကာကွယ် ရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည်ဟု Iv သတင်းဌာန ဖော်ပြ ချက်အရ သိရသည်။

28 Jul

ADVERTISE HERE .