မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် အပ်နှင်းနိုင်ရေးအတွက် စိစစ်ရွေးချယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

27 Jul

မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်နိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၂၅ ရက် မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် က တိုင်းဒေသကြီးအတွင်းမှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ချီးမြှင့် အပ်နှင်းထိုက်သည့် ရဟန်း၊ သီလရှင်နှင့် လူပုဂ္ဂိုလ် တို့ကို စိစစ်ရွေးချယ်ရာတွင် ဖွဲ့စည်းထားသော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်စိစစ်ရေးအဖွဲ့အနေဖြင့် သာသနာ တော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ပြဋ္ဌာန်းခြင်းပါ ဂုဏ်အင်္ဂါအရည်အချင်း သတ်မှတ်ချက်များနှင့် ညီညွတ်မှု ရှိ၊ မရှိ စိစစ်ရွေးချယ်ရန်နှင့် မှန်မှန်ကန်ကန် ရွေးချယ်ဆက်ကပ်နိုင်ရေးအတွက် အထူးဂရုပြုအလေးထား ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးသာသနာရေးဦးစီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။(NVS 004)

27 Jul

ADVERTISE HERE .