၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်ကြေညာ အောင်ချက်ရာခိုင်နှုန်း ၄၈ ဒသမ ၀၆ ရာခိုင်နှုန်းရှိ
27 Jul၂၀၂၅ ခုနှစ် မတ်လတွင်ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့် မန္တလေးငလျင်ကြီး ဘေးဒဏ်ခံခဲ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် ပြန်လည်ဖြေဆိုသော ၂၀၂၅ ခုနှစ် ဇွန်လတွင်ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းတွင် တစ်ပြည်လုံးအတွက် တစ်ပြိုင်တည်းအပြီး ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန website ဖြစ်သော www. myanmarexam.org တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်သလို လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ စာစစ်ဌာနများ၏ အောင်စာရင်းများကိုလည်း မြန်မာ့အသံ(ရေဒီယို)၊ တိုင်းရင်းသားအစီအစဉ် များမှ ထုတ်လွှင့်ကြေညာပေးလျက်ရှိပါတယ်။ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် စာမေးပွဲဖြေဆိုသူ ၂၀၇၈၉၈ ဦး၊ အောင်မြင်သူ ၉၉၉၂၄ ဦးရှိပြီးနှင့် အောင်ချက်ရာခိုင်နှုန်း ၄၈.၀၆ ရာခိုင်နှုန်းရှိကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အောင်ချက်ရာခိုင်နှုန်းအရ ရန်ကုန်တိုင်းဒေသကြီးမှ ဝင်ရောက်ဖြေဆိုသူ ၃၇၄၆၇ ဦး၊ အောင်မြင်သူ ၁၉၃၆၆ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၁.၆၉ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။(NVS 004)