“နောင်ချိုမြို့ရှိ ကျောင်းများတွင် ၄ ရက်အတွင်း ကျောင်းသား၊ ကျောင်းသူ ၇၀၀ ကျော် လာရောက် ကျောင်းအပ်နှံခဲ့”
26 Jul
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများကြောင့် တစ်နှစ်နီးပါး ပိတ်ထား ခဲ့ရတဲ့ အခြေခံပညာကျောင်းများကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပညာသင်ကြားနိုင်ရေးအတွက် ဆောင်ရွက်ပေး လျက်ရှိရာ ဇူလိုင်လ ၂၅ ရက်တွင် ကျောင်းသား၊ ကျောင်းသူ ၂၄၉ ဦး ထပ်မံ၍ လာရောက် ကျောင်းအပ်နှံခဲ့သဖြင့် ဇူလိုင်လ ၂၂ မှ ၂၅ ရက်အထိ ၄ ရက်အတွင်း ကျောင်းသား၊ ကျောင်းသူ ၇၀၅ ဦးအထိ လာရောက်အပ်နှံထားကြောင်း နိုင်ငံပိုင်သတင်းများက ဖော်ပြချက်အရ သိရပါတယ်။ ကျောင်းအပ်နှံမှုအဆင်ပြေချောမွေ့စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ၊ သန့်ရှင်း သပ်ရပ်စွာနှင့်လုံခြုံစွာပညာသင်ကြားနိုင်ရေးအတွက် တပ်မတော်သားများ၊ ဆရာ၊ ဆရာမများ၊ ပညာရေး ဝန်ထမ်း များနှင့် ဒေသခံမိဘပြည်သူများအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပြီး တပ်မတော်သားများနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့် မိုင်းရှင်းလင်းရေး၊ လုံခြုံရေးနှင့်ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ငန်း များ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြပါတယ်။(NVS 004)