ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေးစေ့စပ်ဆွေးနွေးမှုမှ ကိုယ်စားလှယ်အဖွဲ့အား အမေရိကန်ပြန်လည်ခေါ်ယူ
26 Jul
ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တစ်ရပ် ချမှတ်နိုင်ရေးအတွက် စေ့စပ် ဆွေးနွေးမှုများပြုလုပ်နေစဉ် ဟားမက်အဖွဲ့၏တုံ့ပြန်မှုကြောင့် အမေရိကန်က ၎င်းတို့၏ကိုယ်စားလှယ်အဖွဲ့ကို ပြန်လည်ခေါ်ယူ ခဲ့ကြောင်း အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် စတိဝှစ်ကော့က ဇူလိုင်လ ၂၄ ရက်တွင် ထုတ်ပြန်သည်။ ပါလက်စတိုင်းအဖွဲ့ဖြစ်သည့် ဟားမက်စ်အဖွဲ့သည် ဂါဇာကမ်းမြောင်ဒေသ၌ အပစ် အခတ်ရပ်စဲရေးသဘောတူညီချက်ချမှတ်ရန် ဆန္ဒမရှိကြောင်းကိုဖော်ပြနေခြင်းကြောင့် အမေရိကန် ကိုယ်စားလှယ် အဖွဲ့အား အမေရိကန်အစိုးရက ဒိုဟာမြို့မှ ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ဂါဇာကမ်းမြောင်ဒေသ၌ အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ချမှတ်နိုင်ရေးအတွက် အစ္စရေးနိုင်ငံက ထောင်ဒဏ်တစ်သက်ကျခံနေရသည့် ပါလက်စတိုင် အကျဉ်းသား ၁၂၅ ဦးအား ဟားမက်စ်အဖွဲ့ က ဖမ်းဆီးထား သည့် ဓားစာခံများနှင့်လဲလှယ်ရန် ဇူလိုင်လ ၂၃ ရက်တွင် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။ သို့သော် အဆိုပါ ကိစ္စရပ် နှင့်စပ်လျဉ်း၍ အမေရိကန်နှင့်ဟားမက်စ်တို့အကြား သဘောထားကွဲလွဲခဲ့ဖွယ် ရှိသည်။ ထို့ကြောင့် အမေရိကန် အစိုးရအနေဖြင့် ဖမ်းဆီးခံထားရသည့် ဓားစာခံများပြန်လည် လွတ်မြောက်ရေးအတွက်အခြားနည်းလမ်းများကို အသုံးပြုလုပ်ဆောင်ရန်စဉ်းစားမည် ဖြစ်ကြောင်း စတိဝှစ်ကော့ က ထပ်လောင်းပြောကြားခဲ့ကြောင်း Iv သတင်းဌာနဖော်ပြချက်အရ သိရသည်။