“Manulife ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပမည်”
25 Jul
မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် Manulife Insurance တို့ ပူးပေါင်းကျင်းပမည့် Manulife ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပရန် သဘောတူလက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ဇူလိုင်လ ၂၄ တွင် ရန်ကုန်မြို့ရှိ Wyndhan Hotel ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အခမ်းအနားတွင် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲဝင့်ထွဋ် နှင့် Manulife Insurance CEO Mr. Gaurav Sharma တို့က နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် Manulife တို့ ပူးပေါင်းကာ နှစ်စဉ်ပြိုင်ပွဲပြုလုပ်ကျင်းပမည့်ကဏ္ဍ၊ ပြိုင်ပွဲများကျင်းပခြင်းဖြင့် ပိုက်ကျော်ခြင်းအားကစားကဏ္ဍ တိုးတက် ရေးကဏ္ဍ၊ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်ရေးအတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မည့်ကဏ္ဍများကို အပြန် အလှန်ဆွေးနွေးခဲ့ကြပါတယ်။ Manulife ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကို စက်တင်ဘာလအတွင်း ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)