“ကနေဒါအိုးပင်းမှ နုတ်ထွက်ခဲ့တဲ့ အယ်ကာရက်ဇ်”
25 Jul
ကမ္ဘာ့အဆင့် (၂) စပိန်တင်းနစ်သမား အယ်ကာရက်ဇ်ဟာ ကနေဒါအိုးပင်းတင်းနစ်ပြိုင်ပွဲကနေ နုတ်ထွက်တဲ့ နောက်ထပ်နာမည်ကြီး ကစားသမားဖြစ်လာပါတယ်။ အယ်ကာရက်ဇ်မတိုင်ခင် ကမ္ဘာ့အဆင့် (၁) ဆင်နာနဲ့ ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ် တို့ ကနေဒါအိုးပင်းပြိုင်ပွဲကို ဝင်ပြိုင်မှာမဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။ အနားယူချိန်လုံလောက်စွာမရခဲ့ဘဲ ပြိုင်ပွဲတွေကို ဆက်တိုက်ယှဉ်ပြိုင်ခဲ့ရတဲ့အတွက် အခုချိန်မှာ ရုပ်ပိုင်းရော စိတ်ပိုင်းပါ အနားယူဖို့လိုအပ်တဲ့အတွက် ကနေဒါအိုးပင်းပြိုင်ပွဲကို ဝင်မပြိုင်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ အယ်ကာရက်ဇ် ရဲ့ ကြေညာချက်မှာ ရေးထားပါတယ်။ အခုဆုံးဖြတ်ချက်အတွက် ကနေဒါပရိသတ်တွေ စိတ်မကောင်း ဖြစ်မှာကို နားလည်ထားပြီး လာမယ့်နှစ်မှာတော့ ပြန်လည်တွေ့ဆုံနိုင်ဖို့ မျှော်လင့်ပါတယ်လို့ အယ်ကာရက်ဇ်က ရေးထားခဲ့ပါတယ်။ အယ်ကာရက်ဇ် ဟာ အသေးစားကြွက်သားဒဏ်ရာရခဲ့တဲ့အတွက် ယူအက်စ်အိုးပင်းမတိုင်မီ လုံလောက်တဲ့ အနားယူမှု လိုအပ်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဝင်ဘယ်ဒန်ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ ရောက်ခဲ့တဲ့ အယ်ကာရက်ဇ် ဟာ အခုနှစ်တင်းနစ်ရာသီမှာ ၄၈ ပွဲနိုင် ၆ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။ (NVS 008)