“အေဂျက်စ်နောက်ခံကစားသမား ဟာတို ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ ချဲလ်ဆီးအသင်း”
25 Jul
ချဲလ်ဆီးအသင်းဟာ အေဂျက်စ်နောက်ခံကစားသမား ဟာတို ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ချဲလ်ဆီးအသင်းဟာ ဘယ်နောက်ခံနေရာမှသာမက ဗဟိုခံစစ်မှူးအဖြစ်ပါ ကစားနိုင်တဲ့ ဟာတို ကို ခေါ်ယူဖို့ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ အသက် ၁၉ နှစ်အရွယ် ဟာတို အနေနဲ့ ချဲလ်ဆီးအသင်းထံသို့ ပြောင်းရွှေ့ခွင့်ပေးဖို့ အေဂျက်ဇ်အသင်းကို တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။ ချဲလ်ဆီးအသင်းက ဟာတို ကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ နဲ့ ခေါ်ယူဖို့အတွက် အေဂျက်စ်အသင်းနဲ့ ဆွေးနွေးနေပြီး တိုးတက်မှုရှိနေတယ်လို့ သိရပါတယ်။ ချဲလ်ဆီးအသင်းဟာ အခုနွေရာသီမှာ ဒီလပ်၊ ဂျာအိုပတ်ဒရို၊ ဂစ်တန်စ်တို့အပါအဝင် ကစားသမားသစ် ၈ ဦးကို ပေါင်သန်း ၂၃၀ နီးပါးအထိ အသုံးပြုခေါ်ယူထားတာဖြစ်ပါတယ်။ (NVS 008)
25 Jul