“ဘိုင်ယန်မြူးနစ်ကွင်းလယ်ကစားသမား ပယ်လင်ညာ ကို ခေါ်ယူမယ့် စပါးအသင်း”
25 Jul
စပါးအသင်းဟာ အသင်းကွင်းလယ်ကို အင်အားဖြည့်တင်းဖို့အတွက် ဘိုင်ယန်မြူးနစ်ကွင်းလယ်ကစားသမား ပယ်လင်ညာကို ခေါ်ယူဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ အသက် ၃၀ အရွယ် ပယ်လင်ညာ ဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ပုံမှန်ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ ၂၅ ပွဲသာ ကစားခွင့်ရခဲ့တာကြောင့် အခုနွေရာသီမှာ အသင်းကနေထွက်ခွာဖို့ စီစဥ်နေပြီး စပါးအသင်းက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ပယ်လင်ညာ ဟာ ပြီးခဲ့တဲ့ ၂၀၂၄ နွေကမှ ဖူလ်ဟမ်အသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းကို ယူရိုသန်း ၅၀ နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ပယ်လင်ညာကို အသင်းမှာ နေရာမပေးနိုင်တာကြောင့် အခုနွေမှာ ယူရိုသန်း ၃၀ နဲ့ ပြန်လည်ရောင်းထုတ်ဖွယ်ရှိတယ်လို့ သိရပါတယ်။ (NVS 008)
25 Jul