“အီဆက်ခ် ကို ထပ်မံခေါ်ဖို့ စီစဉ်နေတဲ့ လီဗာပူးလ်အသင်း”

25 Jul

လီဗာပူးလ်အသင်းဟာ ဖရန့်ဖတ်အသင်း တိုက်စစ်မှူး အီကီတိုက် ကို ခေါ်ယူပြီးနောက် နယူးကာဆယ်အသင်း တိုက်စစ်မှူး အီဆက်ခ်ကို ထပ်မံခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းဟာ အခုနှစ် နွေရာသီအပြောင်းအရွှေ့မှာ အကြီးစား အားဖြည့်မှုတွေ ပြုလုပ်လျက်ရှိပြီး ကစားသမားသစ်ခေါ်ယူမှုအတွက် ပေါင်သန်း ၃၀၀ နီးပါး အသုံးပြုထားပါတယ်။ ဒါပေမယ့် ကစားသမားသစ်တွေ ထပ်ခေါ်ဖို့ စီစဉ်နေဆဲဖြစ်ပြီး အီဆက်ခ် ကတော့ အသင်းရဲ့ လျှို့ဝှက်အစီအစဉ် ဖြစ်တယ်လို့ သိရပါတယ်။ လီဗာပူးလ်အသင်းဟာ အီဆက်ခ် ရဲ့ ပြောင်းရွှေ့ကြေးတန်ဖိုးမြင့်မားမှုကြောင့် အီကီတိုက် ကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်ခဲ့ကြပေမဲ့ လက်ရှိအချိန်မှာတော့ ဆာလာ၊ အီကီတိုက်နဲ့ အီဆက်ခ်တို့ကို တိုက်စစ်မှာ တွဲဖက်အသုံးပြုဖို့ စီစဉ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။ အီဆက်ခ် ကလည်း နယူးကာဆယ်က ထွက်ခွာချင်နေပြီး လီဗာပူးလ်အသင်းက ပေါင်သန်း ၁၃၀ နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။ (NVS 008)

25 Jul

ADVERTISE HERE .