“ပြင်သစ်လိဂ်ကို ပြောင်းရွှေ့ကစားဖွယ်ရှိနေတဲ့ နေမာ”
25 Jul
နာမည်ကျော် ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာ ဟာ ပြင်သစ်လိဂ်မှာ ပြန်လည်ပြောင်းရွှေ့ကစားဖွယ် ရှိနေတယ်လို့ သတင်းများထွက်ပေါ်လာပါတယ်။ နေမာ အနေနဲ့ လက်ရှိအချိန်မှာ ငယ်ဘဝအသင်းဟောင်းဖြစ်တဲ့ ဘရာဇီးလ်ကလပ် ဆန်းတို့စ်အသင်းမှာ ကစားနေပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ဥရောပမှာ ပြန်ကစားဖို့ ဆန္ဒရှိနေပါတယ်။ အသက် ၃၃ နှစ်အရွယ် နေမာ က ဘရာဇီးလ်မှာ ဆက်ကစားနေပါက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရဖို့ မသေချာတာကြောင့် ဥရောပမှာ ပြန်လည်ကစားဖို့ ချိန်ရွယ်နေခြင်းဖြစ်ပြီး စပိန်နဲ့ တူရကီကလပ် အသင်းတွေနဲ့အတူ မာဆေးလ်အသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ နေမာ က PSG အသင်းနဲ့အတူ ပြင်သစ်လိဂ်မှာ ၆ ရာသီကြာ ကစားခဲ့တာကြောင့် မာဆေးလ်အသင်းကို ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။ (NVS 008)
25 Jul