“စစ်ကိုင်းတိုင်းဒေသကြီးရှိ အငြိမ်းစားဝန်ထမ်းများကို ကျန်းမာရေးစစ်ဆေးခြင်းနှင့်စားသောက်ကုန်များပေးအပ်”
25 Jul
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်း ၇၀၀ ကျော်ကို ဇူလိုင်လ ၂၁ ရက်၊ နံနက်ပိုင်းက မုံရွာမြို့၊ ချင်းတွင်းခန်းမမှာ ကျန်းမာရေးစစ်ဆေးပေးပြီး အခြေခံစားသောက်ကုန်များ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ နိုင်ငံ့တာဝန်များအား တစ်ထောင့်တစ်နေရာမှ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစား ဝန်ထမ်းများ ကျန်းမာသန်စွမ်းစွာနဲ့ နေထိုင်သွားလာနိုင်ရေးနှင့် စားသောက်ရေးများ အဆင်ပြေစေရန်အတွက် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီစဥ်ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ အငြိမ်းစားဝန်ထမ်းများအား နံနက်စာများနဲ့ ဧည့်ခံကျွေးမွေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစား ဝန်ထမ်းများကို ရင်းရင်းနှီးနှီးလိုက်လံမိတ်ဆက်စကားများပြောကြားကာ တာဝန်ရှိသူများနှင့်အတူ အငြိမ်းစား ဝန်ထမ်း ၇၀၀ ဦးကို အဟာရဖြည့်စွက်စာ ကြက်ဥများပေးအပ်ခဲ့ကြပါတယ်။ မုံရွာခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အငြိမ်းစားဝန်ထမ်းများကို ဆီးချို/သွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ အကြောနာ/အကြောတက်ရောဂါ၊ နှလုံးရောဂါ၊ ချောင်းဆိုးရင်ကြပ်ရောဂါများကို စစ်ဆေးကုသပေးခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့မှ အငြိမ်းစားဝန်ထမ်းများကို ဆန်၊ စားသုံးဆီနှင့်ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာစွာနဲ့ ရောင်းချ ပေးခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများကို ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခြေခံ စားသောက်ကုန်များ ပေအပ်ခြင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လစဉ်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)