“မြန်မာနိုင်ငံက (၁၇) ကြိမ်မြောက် အာဆီယံငါးလုပ်ငန်းဆိုင်ရာ အတိုင်ပင်ခံဖိုရမ်ကို အိမ်ရှင်အဖြစ်လက်ခံကျင်းပ”

25 Jul

မြန်မာနိုင်ငံက (၁၇) ကြိမ်မြောက် အာဆီယံငါးလုပ်ငန်းဆိုင်ရာအတိုင်ပင်ခံဖိုရမ်(AFCF) အစည်းအဝေးနှင့် (၃၃) ကြိမ်မြောက် အာဆီယံငါးလုပ်ငန်းဆိုင်ရာကဏ္ဍအလိုက်လုပ်ငန်းအဖွဲ့အစည်းအဝေးကို အိမ်ရှင်အဖြစ် ဇူလိုင်လ ၂၂ ရက်မှ ၂၅ ရက်အထိ လက်ခံကျင်းပလျက်ရှိပါတယ်။ အာဆီယံ ငါးလုပ်ငန်းဆိုင်ရာ အတိုင်ပင်ခံဖိုရမ် (AFCF) ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါဖိုရမ်က အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား ငါးဖမ်းကဏ္ဍမှာ ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှု ခိုင်မာအားကောင်း စေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါတယ်။ ဖိုရမ်မှာ ဇုန်ခွဲနည်းလမ်းနဲ့ ငါးဖမ်းစွမ်းရည် စီမံခန့်ခွဲရေး၊ သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်သော အသေးစားငါးဖမ်းလုပ်ငန်းကို တိုးမြှင့်လုပ်ဆောင်ရေး၊ ရေထွက်ကုန်သယံဇာတ ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုကိုမြှင့်တင်ရေး၊ ငါးဖမ်းလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေးအပေါ် ရာသီဥတု ပြောင်းလဲခြင်း၏ အကျိုးသက်ရောက်မှုများကို အကဲဖြတ်ခြင်း၊ တရားမဝင်ငါးဖမ်းခြင်းတိုက်ဖျက်ရေး၊ ငါးဖမ်း ထွက်ကုန်များအတွက် ခြေရာခံနိုင်သောစနစ်များဖော်ဆောင်ရေး စတဲ့အဓိကကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ အဆိုပါဖိုရမ်သို့ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်နှင့် အိမ်ရှင်နိုင်ငံ မြန်မာနိုင်ငံတို့ အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ (NVS 004)

25 Jul

ADVERTISE HERE .