“ဘဏ္ဍာနှစ် ၃ လတာ ကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၄ သိန်းကျော်တင်ပို့ထား”

25 Jul

၂၀၂၅ –၂၀၂၆ ဘဏ္ဍာနှစ်ရဲ့ ပထမ ၃ လတာကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြည်ပသို့ ပဲမျိုးစုံ တန်ချိန် ၄၄၃,၀၀၀ တင်ပို့ထားကြောင်း မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ သိရပါတယ်။ ယခုဘဏ္ဍာနှစ် ဧပြီလမှဇွန်လအထိ ၃ လတာကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ ပို့ကုန်တန်ဖိုးအမေရိကန် ဒေါ်လာသန်း ၃၆၀ နီးပါးရရှိထားပြီးဖြစ်ပါတယ်။ ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၈၃ သန်း တင်ပို့နိုင်ရန်လျာထားပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၈ ဘီလီယံရရှိရန် ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်ပသို့ ပဲမျိုးစုံတင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှ အဓိကထားတင်ပို့နေခြင်းဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ -၂၀၂၅ ဘ ဏ္ဍာနှစ်က ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၂ ဒသမ ၁၄ သန်း တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၂ ဘီလီယံ ရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှ ပဲမျိုးစုံကို အိန္ဒိယနိုင်ငံသို့ အများဆုံးတင်ပို့နေခြင်းဖြစ်ပြီး တရုတ်နှင့် ဥရောပသမဂ္ဂနိုင်ငံများကို တင်ပို့လျက်ရှိနေပါတယ်။ ပြည်ပသို့တင်ပို့ရာမှာ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပဲယဉ်း၊ ထောပတ်ပဲ အစရှိတဲ့ ပဲအမျိုးအစားပေါင်း ၂၀ ကို တင်ပို့နေကြောင်း မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ သိရပါတယ်။ (NVS 004)

25 Jul

ADVERTISE HERE .