“မိုင်းပေါက်မြို့ ရေဘေးသင့်ပြည်သူများကိုအတွက် ထောက်ပံ့ရေးပစ္စည်းများပို့ဆောင်”
25 Jul
မိုင်းပေါက်မြို့ရှိ ရေဘေးသင့်ပြည်သူများ ထောက်ပံ့ရေးပစ္စည်းများကို တပ်မတော်မှ ပို့ဆောင်ပေးခဲ့ပါတယ်။ ဇူလိုင်လ ၂၁ ရက်နှင့် ၂၂ ရက်တို့မှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းပေါက်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့မှု ကြောင့် မိုင်းပေါက်–ပန်ဆန်းသွားကားလမ်းနှင့် မိုင်းဖျန်–ဟိုတောင်း–မိုင်းပေါက် သွားကားလမ်းတွင် တောင်ပြိုကျ မှုများ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ မိုင်းပေါက်မြို့အဝင် ကတ္တရာလမ်းပိုင်း၌ ရေသုံးပေခန့် ဖုံးလွှမ်းခြင်း၊ မိုင်းပေါက်မြို့ပေါ်ရှိ အနိမ့်ပိုင်း နေရာများ မှာ ရေခုနစ်ပေခန့်ဝင်ရောက်မှုများဖြစ်ပေါ်ခဲ့တာကြောင့် ဒေသခံပြည်သူနှစ်ဦးသေဆုံးခဲ့ပြီး နေအိမ်အချို့နှင့် မော်တော်ယာဉ်များရေနစ်မြုပ်မှုဖြစ်ပွားကာ ပြည်သူအချို့ကို ရေဘေးလွတ်ကင်းရာနေရာသို့ ယာယီပြောင်းရွှေ့ ခဲ့ရပါတယ်။ အဆိုပါ ရေဘေးသင့်ပြည်သူများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများကို ကျိုင်းတုံမြို့သို့ တပ်မတော်လေယာဉ်နဲ့ ပို့ဆောင်ပေးခဲ့ပါတယ်။ ထောက်ပံ့ရေးပစ္စည်းများ သွားရောက်ပို့ဆောင်မည့်ယာဉ်များ၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိပ်ရာလိပ်နှင့် တစ်ကိုယ်ရေသုံးပစ္စည်းများအပါအဝင် ထောက်ပံ့ရေးပစ္စည်း ၁၆ မျိုး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဆန်အိတ် ၁၀၀ အပါအဝင် ထောက်ပံ့ရေးပစ္စည်းလေးမျိုး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ ဆန်အိတ် ၁၀၀ အပါအဝင် ထောက်ပံ့ရေးပစ္စည်း စုစုပေါင်း ၂၂ မျိုးပါဝင်ကြောင်း သိရပါတယ်။ (NVS 004)