“ဘာစီလိုနာအသင်းကို တစ်ရာသီအငှားနဲ့ပြောင်းရွှေ့ခဲ့တဲ့ ရပ်ရှ်ဖို့ဒ်”

24 Jul

မန်ယူအသင်းတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ် က ဘာစီလိုနာအသင်းထံ တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ခဲ့ ပါတယ်။ လက်ရှိ လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းဟာ မန်ယူ တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ် ကို တစ်ရာသီအငှားနဲ့ ခေါ်ယူခဲ့ပြီး အငှားစာချုပ်ကုန်ဆုံးပါက ပေါင် ၃၀ ဒသမ ၃ သန်း (ယူရို ၃၅ သန်း)နဲ့ အပြီးသတ်ခေါ်ယူနိုင်တယ်ဆိုတဲ့ အချက်ပါဝင်တယ်လို့ သိရပါတယ်။ အသက် ၂၇ နှစ်အရွယ် ရပ်ရှ်ဖို့ဒ် ဟာ မန်ယူအသင်းနဲ့ အဆင်မပြေဖြစ်နေခဲ့ပြီး ပြီးခဲ့တဲ့ရာသီဝက်မှာ အက်စတွန်ဗီလာအသင်းကို ရာသီဝက်အငှားနဲ့ သွားရောက်ကစားခဲ့ရပါတယ်။ ရပ်ရှ်ဖို့ဒ် က ဘာစီလိုနာအသင်းဟာ လူတိုင်းကစားချင်တဲ့ အိပ်မက်ထဲကအသင်းဖြစ်ပြီး အိမ်ကို ရောက်လာသလို ခံစားရတယ်လို့ ဘာစီလိုနာအသင်းနဲ့ စာချုပ်ချုပ်ဆိုပြီးနောက် ပြောကြားခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ မန်ယူအသင်းအကယ်ဒမီထွက်ကစားသမားဖြစ်ပြီး ပြိုင်ပွဲစုံ ၄၂၆ ပွဲမှာ သွင်းဂိုး ၁၃၈ ဂိုး သွင်းယူ ခဲ့ကာ အသင်းနဲ့အတူ ဆုဖလား ၅ လုံး ရယူနိုင်ခဲ့ပါတယ်။ (NVS 008)

24 Jul

ADVERTISE HERE .