“အာရှ ယူ- ၁၇ အမျိုးသမီးခြေစစ်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရှိ”
24 Jul
၂၀၂၆ အာရှ ယူ- ၁၇ အမျိုးသမီးခြေစစ်ပွဲ မြန်မာ ယူ- ၁၇ အမျိုးသမီးအသင်းပါဝင်မယ့် အုပ်စုပွဲစဉ်တွေကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) က အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိခဲ့ပါတယ်။ အာရှဘောလုံးအဖွဲ့ချုပ်(AFC) ဟာ ၂၀၂၆ အာရှ ယူ- ၁၇ အမျိုးသမီးခြေစစ်ပွဲဝင် အသင်း ၂၇ သင်းကို ၄ သင်း ၃ အုပ်စုနဲ့ ၃ သင်း ၅ အုပ်စုဖြင့် အုပ်စု ၈ ခုခွဲကာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ အဆိုပါအုပ်စု ၈ ခုကို နိုင်ငံ ၈ နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိကြမှာ ဖြစ်ပါတယ်။ ခြေစစ်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိခဲ့တဲ့ နိုင်ငံတွေကတော့ မြန်မာ၊ တာဂျစ်ကစ္စတန်၊ ဂျော်ဒန်၊ ကာဂျစ္စတန်၊ ဆော်ဒီအာရေဗျ၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ ဖြစ်ပါတယ်။ ခြေစစ်ပွဲတွေကို လာမယ့်အောက်တိုဘာလ ၁၃ ရက်ကနေ ၁၇ ရက်အထိ တစ်ကျော့စနစ်နဲ့သာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ခြေစစ်ပွဲအတွက် အုပ်စုမဲခွဲမှုကိုတော့ မကြာခင်ရက်ပိုင်းမှာ ပြုလုပ်သွားဖို့ ရှိနေပါတယ်။ (NVS 008)