“Patong Fight Night မွေထိုင်းပွဲမှာ ဂျာမနီအမျိုးသမီးဖိုက်တာနဲ့ ထိုးသတ်ရမယ့် နော်ဥမ္မာစိုး”
24 Jul
မြန်မာ့ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုးဟာ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် မွေထိုင်းပွဲမှာ ဂျာမနီအမျိုးသမီးဖိုက်တာ အစ္စဘယ်ဇစ်ပတ်နဲ့ ယှဥ်ပြိုင်ထိုးသတ်သွားဖို့ ရှိနေပါတယ်။ ဇူလိုင်လ ၂၄ ရက်တွင် ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ရှိ Patong Boxing Stadium မှာ ကျင်းပပြုလုပ်မယ့် Patong Fight Night လို့ အမည်ရတဲ့ မွေထိုင်းပွဲမှာ တွဲဆိုင်း ၆ ဆိုင်းပါဝင်တယ်လို့ သိရပါတယ်။ နော်ဥမ္မာစိုးနဲ့ ဂျာမန်အမျိုးသမီး ဖိုက်တာ အစ္စဘယ်တို့ ဟာ ဝိတ်တန်း ၁၁၉ ပေါင်ဝိတ်တန်းပွဲစဉ်တွင် ယှဥ်ပြိုင်ထိုးသတ်ကြမယ်လို့ သိရပါတယ်။ မြန်မာ့ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုး ဟာ ပြီးခဲ့တဲ့ဇွန်လအတွင်းက ထိုင်းအမျိုးသမီးဖိုက်တာ ဘူဆာရာခမ် နဲ့ ကစ်ဘောင်ဆင် ယှဥ်ပြိုင်ထိုးသတ်ခဲ့ပြီး ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိထားပါတယ်။ (NVS 008)
24 Jul