“၂၀၂၅ ကမ္ဘာ့အားကစားပွဲသို့ မြန်မာ့နဂါးလှေလှော်သမားများကို စေလွှတ်မည်”

24 Jul

တရုတ်နိုင်ငံ၊ ချန်ဒူးမြို့မှာ ကျင်းပမယ့် ၂၀၂၅ ခုနှစ် ကမ္ဘာ့အားကစားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရန် အဖွဲ့ဝင် ၁၆ ဦးပါသော အားကစားအဖွဲ့ကိုစေလွှတ်သွားမယ်လို့ မြန်မာနိုင်ငံ လှေလှော်နှင့် ကနူးလှေအဖွဲ့ချုပ်ကနေ သိရပါတယ်။ အမျိုးသားအားကစားသမား ခြောက်ဦး၊ အမျိုးသမီး အားကစားသမား ခြောက်ဦး၊ အသင်းခေါင်းဆောင် တစ်ဦး၊ မန်နေဂျာ တစ်ဦးနှင့် နည်းပြ နှစ်ဦးတို့ ပါဝင်တဲ့ အဖွဲ့က သြဂုတ်လ ၆ ရက်မှာ တရုတ်နိုင်ငံသို့ ထွက်ခွာရန် စီစဉ်ထားကြောင်း အဖွဲ့ချုပ်အထွေထွေ အတွင်းရေးမှူး ဦးသက်လွင်က ပြောကြားခဲ့ပါသည်။ အဆိုပါအသင်းက မီတာ ၂၀၀၊ မီတာ ၅၀၀ နှင့် မီတာ၂,၀၀၀ အကွာအဝေး ပြိုင်ပွဲများမှာ ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။ အားကစားသမားများကို ဧပြီလမှာ ရွေးချယ်ခဲ့ပြီး ပြင်းထန်စွာလေ့ကျင့်‌ပေးလျက်ရှိပါတယ်။ (NVS 008)

24 Jul

ADVERTISE HERE .