“သောင်ရင်းမြစ်ရေ မြဝတီမြို့တွင် စိုးရိမ်ရေအမှတ်အထက် ပေဝက်ကျော်မြင့်တက်”

24 Jul

ဇူလိုင်လ ၂၃ ရက်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ နေ့လယ် ၁၂ နာရီခွဲအချိန် တိုင်းထွာချက် အရ သောင်ရင်းမြစ်ရေက မြဝတီမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ၁၇ စင်တီမီတာကျော် ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ၁,၀၀၀ စင်တီမီတာခန့်ထိ မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်လို့ မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေနဲ့ ရေဘေးလွတ်ရာ နေရာများသို့ ရှောင်ရှားနိုင်ရန် သတိပေးနှိုးဆော်ထားပါတယ်။ သောင်ရင်းမြစ်ရေ ဆက်လက်မြင့်တက်လာမယ့် အခြေအနေများကြောင့် ကမ်းနားနှင့်မြေနိမ့်နေရာများတွင် နေထိုင်သူများ အချိန်နှင့်အလင်းရောင်ရှိချိန် ရေဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းနေထိုင်ထားသင့်ကြောင်းကို လိုက်လံဆော်ဩထားကာ ရေဘေးနှင့်ပတ်သက်၍ ကယ်ဆယ်ရေးအဖွဲ့များက ကယ်ဆယ်ရေးစခန်းများဖြစ်သည့် မြဝတီမြို့ရှိ ဘုန်းတော်ကြီးကျောင်းများကို ပြင်ဆင်ထားတယ်လို့ ဒေသခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့အချို့ထံက သိရပါတယ်။ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့ရဲ့ စိုးရိမ်ရေမှတ် ၉၆၃ စင်တီမီတာကို ကျော်လွန်ပြီး နေ့လယ် ၁၂ နာရီခွဲ အချိန်မှာ ၉၈၀ စင်တီမီတာသို့ ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ပေဝက်ကျော်မြင့်တက်နေလို့ မြို့ခံများကို လိုက်လံသတိပေးနေသလို ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ပြင်ဆင်ထားတယ်လို့ ဒေသခံလူမှုကူညီကယ်ဆယ် ရေးအဖွဲ့အချို့ထံက သိရပါတယ်။ (NVS 004)

24 Jul

ADVERTISE HERE .