“လုပ်သား ၇၀၀ နီးပါးကို ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ခု အတည်ပြု”

24 Jul

လုပ်သားပေါင်း ၇၀၀ နီးပါးကို ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည့် စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁ ခုနှင့် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁ ခုတို့ကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက (၇/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးမှာ အတည်ပြုပေး ခဲ့ကြောင်း သိရပါတယ်။ အဆိုပါအစည်းအဝေးကို ဇူလိုင်လ ၂၃ ရက်၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံးမှာ ကျင်းပခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါတယ်။ အဆိုပါလုပ်ငန်းများက လုပ်သားပေါင်း ၆၉၆ ဦးအတွက် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေး နိုင်မည်ဖြစ်ကြောင်း သိရပြီး နောက်ထပ် ပြည်တွင်းဝန်ထမ်း ၁၈၅ ဦး ထပ်မံတိုးမြှင့်ခန့်ထားမည့် ကုမ္ပဏီ ၁ ခုအပါအဝင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ ၁၀ ခုရဲ့ တင်ပြချက်များကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)

24 Jul

ADVERTISE HERE .