“MAI က ရန်ကုန်-ဗုဒ္ဓဂါယာ ခရီးစဉ်များကို တစ်ပတ်နှစ်ကြိမ် ပြေးဆွဲပေးမည်”

24 Jul

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) သည် အောက်တိုဘာလမှ စတင်ကာ ရန်ကုန် - ဗုဒ္ဓဂါယာ ခရီးစဉ်များကို တစ်ပတ်နှစ်ကြိမ် ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။ ရန်ကုန် - ဗုဒ္ဓဂါယာ ခရီးစဉ်အား အောက်တိုဘာလ ၁ ရက်မှစတင်၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် စနေနေ့များတွင် ပျံသန်းပြေးဆွဲသွားမှာ ဖြစ်ပါတယ်။ အဆိုပါ ခရီးစဉ်အတွက် လက်မှတ်ဝယ်ယူမှုများကို MAI မှ တိုက်ရိုက်ရောင်းချသွားမည် မဟုတ်ဘဲ MAI နှင့် Exclusive Partner အဖြစ်ဆောင်ရွက်ထားတဲ့ Myanmar Getaway Travels & Tours ကုမ္ပဏီမှတစ်ဆင့် လက်မှတ် ဝယ်ယူရမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

24 Jul

ADVERTISE HERE .