“စစ်ကိုင်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်များ အသုံးပြုခြင်းဆိုင်ရာသင်တန်းဖွင့်လှစ်”

24 Jul

မြန်မာအီလက်ထရောနစ် မဲပေးစက်များ အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို ဇူလိုင်လ ၂၁ ရက်၊ နံနက်ပိုင်းက စစ်ကိုင်းမြို့၊ မဟာစည်းခုံကြီးဘုရား၊ ဓမ္မာရုံမှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။ သင်တန်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော် က အဖွင့်အမှာစကားပြောကြားပြီး စစ်ကိုင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဦးအောင်သန်း က စက်ကိုင်တွယ်အသုံးပြုခြင်းနှင့် မဲပေးနည်းစနစ်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ သင်တန်းတွင် မြန်မာအီလက်ထရောနစ် မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံ၊ ပါဝင်သည့် ဆက်စပ်ပစ္စည်းများ တပ်ဆင်အသုံးပြုပုံ၊ အီလက်ထရောနစ် မဲပေးစက် လက်တွေ့တပ်ဆင်လေ့ကျင့်ခြင်းနှင့် မဲပေးစက်များ စစ်ဆေးခြင်းများကို သင်တန်းသား၊ သင်တန်းသူ ၂၇၀ ဦးကို သင်တန်းကာလ ၁၄ ရက်ကြာ စာတွေ့၊ လက်တွေ့ ပို့ချသွားမည် ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

24 Jul

ADVERTISE HERE .