“နိုင်ငံအတွင်း အသက်အာမခံထားရှိသူ ၂ သန်းခန့်ရှိ”

24 Jul

မြန်မာနိုင်ငံအတွင်း လူဦးရေ ၅၂ သန်း ဝန်းကျင်အနက် အသက်အာမခံထားရှိသူ ၂ သန်းခန့်သာရှိပြီး အာမခံနှင့် ပတ်သက်တဲ့ အကာအကွယ်များအကြောင်းကို သိရှိသူနည်းပါးနေသေးကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရပါတယ်။ မြန်မာ့အာမခံလုပ်ငန်းအနေဖြင့် ကောက်ယူခဲ့သည့်စာရင်းများအရ မြန်မာနိုင်ငံအတွင်း အသက်အာမခံမ ထားရှိဘဲ နေထိုင်သူ များစွာတွေ့ရှိရကြောင်းနှင့် ငလျင်ဒဏ်ခံရမှုများကြောင့် ငလျင်ကဲ့သို့သော သဘာဝဘေးအာမခံ ထားရှိမှုများကိုသာ စိတ်ဝင်စားလာကြတာဖြစ်ကြောင်း သိရပါတယ်။ မန္တလေးမြေငလျင်ကြီးကြောင့် ပျက်စီးထိခိုက်မှုများ ကြုံတွေ့ရတာကြောင့် သဘာဝဘေးအာမခံထားရှိမှု ပိုများလာပေမယ့် အသက်အာမခံထားရှိသူ နည်းပါးနေပြီး အန္တရာယ်နှင့်ကြုံတွေ့လာပါက ရရှိမည့် အကာအကွယ် အကြောင်းကို သိရှိမှုနည်းပါးနေသေးကြောင်း သိရပါတယ်။ မြန်မာပြည်တွင်းမှာ အသက်အာမခံထားရှိနိုင်တဲ့ ကုမ္ပဏီပေါင်း ၁၇ ခုရှိပြီး အထွေထွေအာမခံထားရှိနိုင်သည့် ကုမ္ပဏီအနေဖြင့်လည်း ၉ ခုရှိကြောင်းနှင့် အသက်အာမခံ ၄၈ မျိုးနှင့် အထွေထွေအာမခံ ၂၂ မျိုး၊ အသက်နှင့် အထွေထွေ အာမခံ ၆ မျိုးရှိကြောင်း သိရပါတယ်။ (NVS 004)

24 Jul

ADVERTISE HERE .