အစားရှောင် ခြင်းရဲ့ ကျန်းမာရေး ဆိုးကျိုးတွေ
23 Jul
ဒီနေ့ ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေး ကဏ္ဍကနေ အစားရှောင် ခြင်းရဲ့ ကျန်းမာရေး ဆိုးကျိုးတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ နေ့စဉ်ပုံမှန် စားရမယ့် အချိန်မှာ မအားလို့ ပဲဖြစ်ဖြစ်၊ ဝမှာစိုးလို့ပဲ ဖြစ်ဖြစ် အစားရှောင်မိတဲ့အခါ ခန္ဓာကိုယ်ထဲမှာ အပြောင်းအလဲတွေ ချက်ချင်း ဖြစ်ပေါ်လာပါတယ်။ အစာမစားခြင်းရဲ့ ဖြစ်လာနိုင်တဲ့ လက္ခဏာများကတော့ hypoglycemia နဲ့ ketosis ကြောင့်ဖြစ်လာနိုင်ပါတယ်။ ပင်ပန်းနွမ်းနယ်ခြင်းနဲ့ မူးဝေခြင်းကဲ့သို့သော အပျော့စားလက္ခဏာများလာနိုင်ပြီး နှလုံးတုန်ခြင်းနဲ့ တက်ခြင်းကဲ့သို့သော ပြင်းထန်တဲ့ လက္ခဏာများကိုလည်း ဖြစ်စေနိုင်ပါတယ်။ အစာမစားခြင်းရဲ့ အဖြစ်များသော နောက်ဆက်တွဲ ပြဿနာတွေ ကတော့ အာဟာရချို့တဲ့ခြင်း၊ ရာသီသွေးပျက်သွားခြင်း၊ အရိုးတွင်းသတ္တုဓာတ်များ ဆုံးရှုံးခြင်းစတဲ့ လက္ခဏာများ ဖြစ်စေ နိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်နည်းခြင်းက လူကို စိတ်တိုခြင်း၊ စိတ်ရှုပ်ထွေးခြင်းနဲ့ မောပန်းခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်က cortisol ထုတ်လုပ်မှုကို တိုးစေပြီး ကျွန်တော်တို့ကို စိတ်ဖိစီးစေပြီး ဆာလောင်မှုကို ဖြစ်စေပါတယ်။ အစားအစာများကို မစားခြင်းက သင်၏ ဇီဝကမ္မဖြစ်စဉ်ကို နှေးကွေးစေပြီး ကိုယ်အလေးချိန် တိုးလာစေခြင်း သို့မဟုတ် ကိုယ်အလေးချိန် လျှော့ချရန် ပိုမိုခက်ခဲစေနိုင်လာနိုင်ပါတယ်။ နေ့စဉ်အစားအသောက်တွေကနေ ဦးနှောက်အတွက် အဓိက ပံ့ပိုးနေတဲ့ ဂလူးကလို့စ် ပမာဏဟာ အစားရှောင် လိုက်တဲ့အခါ ချက်ချင်း ပြုတ်ကျသွားတာမို့ သွေးတွင်းသကြားဓာတ်ကိုပါ ကျဆင်းသွားစေပြီး ဦးနှောက်က ထိန်းချုပ်ထားတဲ့ အရာအားလုံးက စွမ်းဆောင်မှုတွေ ကျဆင်းစေသလို မူးဝေနေပြီး အားနည်းနေတာကို ခံစားရစေပါတယ်။ အာရုံစူးစိုက်လို့မရတော့တဲ့အပြင် ချွေးထွက်တာ၊ လက်တုန်လာပြီး ဦးနှောက်က အစာစားဖို့ အချက်ပေးနေပါလိမ့်မယ်။ အမြဲအလိုလို မစားတာဆိုရင်တော့ ခန္ဓာကိုယ်က ဟော်မုန်း တွေထုတ်ပြီး အစားပိုစားချင်စိတ်ဖြစ်အောင် လုပ်ဆောင်ပေးပါ လိမ့်မယ်။ အစာမစားတဲ့အခါ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မစနစ်က ပုံမှန်ထက် နှေးကွေးသွားပါတယ်။ ဒီလိုနှေးသွားတဲ့အတွက် အစာချေဖျက်ချိန်က ပိုမိုကြာမြင့်သွားပြီး အဆီပိုစုဖို့ တွန်းအား ပေးပါတယ်။ အစာရှောင်ပြီး နောက်မှာ အစာစားတဲ့အခါမှာလဲ ပုံမှန်ထက် ပိုစားအောင် တွန်းအားပေးတာမို့ အစားရှောင်နေပေမယ့် ပိုဝလာစေပါတယ်။ အစာရှောင်ခြင်းက အစာအိမ်အတွင်းက အက်ဆစ်တွေက အစာအိမ်မှာရှိတဲ့ အတွင်းသား နဲ့ အူလမ်းကြောင်းကို ဆိုးကျိုးဖြစ်စေပြီး အဲ့ဒီအခါ ဗိုက်အောင့်မယ်၊ ပျို့တက်ပါမယ်။ ရေရှည်ဆိုရင်တော့ အစာအိမ်ကို ဒုက္ခဖြစ်စေပါလိမ့်မယ်။ အစာမစားတဲ့အခါမှာတော့ စိတ်ကစဉ့်ကလျား ဖြစ်လာစေပြီး အလိုလိုနေရင်း ဒေါသထွက်နေတာ၊ လွယ်လွယ်နဲ့ စိတ်ရှုပ်တာတွေအပြင် ဆုံးဖြတ်ချက်ချတဲ့အခါ မှန်ကန်စွာ မတွေးနိုင်တော့ပါဘူး။ ဒါ့အပြင် ရေရှည်မှာ မေ့တတ်တာ၊ ဂနာမငြိမ်ဖြစ်လာပြီး စိတ်ဖိစီးမှုကိုပါ ဖြစ်စေနိုင်ပါတယ်။ အစားရှောင်တာဟာ ခန္ဓာကိုယ်အတွင်း ဆိုးဝါးစွာ ပြောင်းလဲသွားမှုတွေ ဖြစ်စေပါတယ်။ ပိန်ချင်တဲ့ သူတွေအနေနဲ့လည်း အစာကို သေချာ အချိန်မှန် စားပြီး လေ့ကျင့်ခန်းလုပ်ခြင်းကသာ အကောင်းဆုံး ဖြစ်ပါတယ်။ (NVS 003)