“အာဆီယံ ယူ-၂၃ ပြိုင်ပွဲမှာ အုပ်စုအဆင့်နှင့်သာ ကျေနပ်ခဲ့ရတဲ့ မြန်မာအသင်း”

23 Jul

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပတဲ့ ၂၀၂၅ အာဆီယံ ယူ-၂၃ ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်မှာ မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့က ဂိုးမရှိသရေရလဒ်ဖြစ်ပေါ်ခဲ့တာကြောင့် မြန်မာအသင်းဟာ အုပ်စုအဆင့်နဲ့ သာ ကျေနပ်ခဲ့ရပါတယ်။ အာဆီယံ ယူ-၂၃ ပြိုင်ပွဲ အုပ်စု နောက်ဆုံးပွဲစဉ်ကို ဇူလိုင် လ ၂၂ ရက် မြန်မာစံတော်ချိန် ည ၇ နာရီခွဲအချိန်၌ မြန်မာနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားရာ၊ ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ သရေရလဒ်သာထွက်ပေါ်ခဲ့တာြဖစ်ပါတယ်။ မြန်မာအသင်းက အုပ်စုပွဲ နှစ်ပွဲကစား နှစ်ပွဲသရေ ရလဒ်ရရှိခဲ့ပြီး၊ ရမှတ် ၂ မှတ်သာရရှိခဲ့ပါတယ်။ ပြိုင်ပွဲပုံစံအရ အုပ်စုသုံးစုမှ အုပ်စုဗိုလ် သုံးသင်းနှင့် အကောင်းဆုံးအုပ်စု ဒုတိယရရှိတဲ့အသင်းတစ်သင်း ဆီမီးဖိုင်နယ် ကစားရမှာ ဖြစ်ပေမယ့် မြန်မာအသင်းက ထိုင်းနိုင်ငံကို သရေကျခဲ့တဲ့အတွက် ရမှတ်၂ မှတ်သာရပြီး အကောင်းဆုံးအုပ်စု ဒုတိယ နေရာမရရှိဘဲ အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ (NVS 008)

23 Jul

ADVERTISE HERE .