“PSG ဂိုးသမား ဒွန်နာရမ်မာ ကို ခေါ်ယူဖို့ စီစဉ်နေတဲ့ မန်စီးတီးအသင်း”
23 Jul
မန်စီးတီးအသင်းဟာ အသင်းဂိုးသမား အီဒါဆန်ရဲ့နေရာမှာ အစားထိုးဖို့အတွက် PSG ဂိုးသမား ဒွန်နာရမ်မာကို ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ မန်စီးတီးအသင်း ဂိုးသမားဖြစ်သူ အီဒါဆန် ဟာ ဂါလာတာစာရေးအသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေတာ ကြောင့် ၎င်းနေရာမှာ အစားထိုးဖို့အတွက် ဒွန်နာရမ်မာ ကို ခေါ်ယူဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် ဒွန်နာရမ်မာ ဟာ PSG အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တာဖြစ်ပြီး PSG အသင်းက စာချုပ်သစ် ချုပ်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ဒွန်နာရမ်မာ ကတော့ အခုနွေရာသီမှာ အသင်းပြောင်းရွှေ့ချင်နေတာကြောင့် အေးဂျင့်ဖြစ်သူဟာ မန်စီးတီးအသင်းနဲ့ ဆက်သွယ်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ PSG အသင်းကလည်း စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တဲ့ ဒွန်နာရမ်မာ ကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ လက်လွှတ်လိုခြင်းမရှိတာကြောင့် စာချုပ်သစ် အတွက် ညှိနှိုင်းလျက်ရှိပြီး အဆင်မပြေဘူးဆိုပါက အခုနွေရာသီမှာပဲ ရောင်းထုတ်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ဒွန်နာရမ်မာ ကို ခေါ်ယူဖို့ မန်စီးတီးအသင်းအပြင် ချဲလ်ဆီးအသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ (NVS 008)