“တစ်ပတ်လစာ ပေါင် ၃၀၀,၀၀၀ ပေးချေဖို့ နယူးကာဆယ်အသင်းကို တောင်းဆိုထားတဲ့ အီဆက်ခ်”

23 Jul

နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ် ဟာ တစ်ပတ်လစာ ပေါင် ၃၀၀,၀၀၀ ပေးချေဖို့ အသင်းကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူး အီဆက်ခ် ဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက နယူးကာဆယ်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြသနိုင်သလို ပြိုင်ပွဲစုံ ၄၂ ပွဲမှာ ၂၇ ဂိုးအထိ သွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ပေးထားခဲ့ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းနဲ့ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ နယူးကာဆယ်အသင်းကတော့ အသင်းရဲ့ အဓိကတိုက်စစ်မှူးဖြစ်သူ အီဆက်ခ်ကို အခုနွေမှာ ရောင်းချမှာမဟုတ်ဘူးလို့ ဆုံးဖြတ်ထားပြီး စာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ နယူးကာဆယ်အသင်းက သူ့ကို ကလပ်စံချိန်တင်လစာအဖြစ် တစ်ပတ်လစာ ပေါင် ၂၀၀,၀၀၀ အထိ ပေးချေဖို့ အသင့်ရှိနေပေမဲ့ အီဆက်ခ်ကတော့ တစ်ပတ်လစာ ပေါင် ၃၀၀,၀၀၀ အထိပေးချေဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ နယူးကာဆယ်အသင်းအနေနဲ့ အီဆက်ခ်ရဲ့ တောင်းဆိုချက်အတိုင်း စာချုပ်သစ်ချုပ်ဆိုမယ်ဆိုရင် အသင်းရဲ့ လစာစည်းမျဉ်းကို ချိုးဖောက်ရမှာ ဖြစ်ပါတယ်။ (NVS 008)

23 Jul

ADVERTISE HERE .