“အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်နေတဲ့ မြန်မာအမျိုးသမီးအသင်း”

23 Jul

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဟာ အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲအတွက် တရုတ်နိုင်ငံ၊ ချောင်ချွန်းမြို့မှာ ကြိုတင်ပြင်ဆင်လေ့ကျင်နေပြီဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ၁၀ ရက်ကြာ သွားရောက်နေထိုင်လေ့ကျင့်နေတဲ့ မြန်မာအမျိုးသမီး လက်ရွေးစင်ဘောလုံး အသင်းက တရုတ်ယူ -၂၀ လက်ရွေးစင်အသင်းအပါအဝင် တရုတ်အမျိုးသမီး ကလပ်အသင်းအချို့နှင့် ခြေစမ်းပွဲ ၃ ပွဲ ကစားသွားမယ်လို့ သိရပါတယ်။ မြန်မာအမျိုးသမီးအသင်းအနေနဲ့ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို ဩဂုတ်လ ၆ ရက်မှ ၁၉ ရက်အထိ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး ဖိလစ်ပိုင်၊ ဩစတြေးလျ၊ တီမောအသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေပါတယ်။ (NVS 008)

23 Jul

ADVERTISE HERE .