“ဂျိုကာရက်စ် ရဲ့အပြောင်းအရွှေ့အတွက် သဘောတူညီမှုရရှိခဲ့ပြီဖြစ်တဲ့ အာဆင်နယ်အသင်း”

23 Jul

အာဆင်နယ်အသင်းဟာ စပို့တင်းလစ္စဘွန်းအသင်းက ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူး ဂျိုကာရက်စ် ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။ အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ ဂျိုကာရက်စ် ကို အာဆင်နယ်အသင်းက ပြောင်းရွှေ့ကြေး ကနဦး ယူရို ၆၃ ဒသမ ၅ သန်းနဲ့ အပိုဆုကြေး ယူရို ၁၀ သန်း ပေးချေရမှာဖြစ်ပြီ ငါးနှစ်စာချုပ် ချုပ်ဆိုသွားမှာဖြစ်ပါတယ်။ ဂျိုကာရက်စ် ရဲ့အေးဂျင့်ကတော့ အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ ကော်မရှင်ခလျှော့ယူခဲ့တယ်လို့ သိရပါတယ်။ ဂျိုကာရက်စ် ဟာ ၂၀၂၃ ခုနှစ်မှာ လိဂ်ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီအသင်းကနေ ယူရို ၂၄ သန်းနဲ့ စပို့တင်းလစ္စဘွန်း အသင်းထံ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိဈေးကွက်တန်ဖိုးကတော့ ယူရို ၇၅ သန်းအထိ တန်ကြေး ရှိနေပါတယ်။ ဂျိုကာရက်စ် အနေနဲ့ စပို့တင်းလစ္စဘွန်း ကစားတဲ့ နှစ်ရာသီအတွင်း ဥရောပထိပ်တန်းလိဂ် ၁၀ ခုမှာ ဂိုးသွင်းအများဆုံးဖြစ်ခဲ့ပြီး ၆၈ ပွဲကစားခဲ့ရာ ၆၂ ဂိုး သွင်းယူခဲ့ပါတယ်။ (NVS 008)

23 Jul

ADVERTISE HERE .