ဒုတိယအကြိမ် ရုရှားနှင့်အာဖရိက ဝန်ကြီးများအဆင့်ဆွေးနွေးပွဲကို အီဂျစ်နိုင်ငံတွင် ကျင်းပမည်

23 Jul

ဒုတိယအကြိမ် ရုရှားနှင့်အာဖရိကဝန်ကြီးများအဆင့်ဆွေးနွေးပွဲကို အီဂျစ်နိုင်ငံတွင် ကျင်းပမည် ဖြစ် ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့က ဇူလိုင်လ ၂၂ ရက်တွင် ပြောသည်။ ရုရှားနိုင်ငံအနေဖြင့် ဒုတိယအကြိမ်မြောက် ရုရှား-အာဖရိကဝန်ကြီးများအဆင့် ဆွေးနွေးပွဲကျင်းပနိုင်ရေးအတွက် ကတိကဝတ်ထားရှိ ပြီး အာဖရိကဒေသတွင်း နိုင်ငံတစ်နိုင်ငံဖြစ်သည့် မိုဇမ်ဘစ်နိုင်ငံ၏ အကြမ်းဖက်တိုက်ဖျက်ရေးနယ်ပယ်တွင် ကာကွယ်ရေးစွမ်းရည်တိုးတက်စေရန်အတွက် အကူအညီပေးရန်အသင့်ရှိသည်ဟု လက်ရော့ က မိုဇမ်ဘစ် နိုင်ငံခြားရေးဝန်ကြီး မာရီယာလူကက်စ်နှင့်အတူ ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခြင်း ဖြစ် သည်။ မိုဇမ်ဘစ်အစိုးရသည် ၎င်းတို့နိုင်ငံအတွင်း၌ လုပ်ဆောင်နေသည့် အကြမ်းဖက်တန်ပြန်ရေးနယ်ပယ်တွင် စွမ်းဆောင်ရည်တိုးတက်လာစေရေး အကူအညီပေးအပ်ရန် ရုရှားနိုင်ငံအား အကူအညီတောင်းခံခဲ့သည်ဟုသိရသည်။ ထို့ကြောင့် အီဂျစ်နိုင်ငံတွင်ကျင်းပမည့် ဒုတိယအကြိမ်မြောက် ရုရှား-အာဖရိကဝန်ကြီးများအဆင့် ဆွေးနွေး ပွဲတွင် အဆိုပါအရေးကိစ္စနှင့်စပ်လျဉ်း၍ အကျယ်တဝင့်ဆွေးနွေးဖွယ် ရှိသည်။ ထို့ပြင် မာရီယာလူကက်စ်၏ ဖိတ်ကြား မှုကြောင့် လက်ရော့ အနေဖြင့် မိုဇမ်ဘစ်နိုင်ငံသို့ တရားဝင်သွားရောက်လည်ပတ်မည်ဖြစ်သည်။ အာဖရိကဒေသနှင့် ဆက်ဆံရေးမြှင့်တင်ခြင်းသည် ရုရှားနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ ဦးစားပေးအစီအစဉ်တစ်ရပ်ဖြစ်ပြီး လက်ရှိ ဖြစ်ပေါ် ပြောင်းလဲနေသည့် ကမ္ဘာ့ရေးရာကိစ္စရပ်များနှင့် အရေးတယူဖြေရှင်းရန် လိုအပ်နေသည့် ကိစ္စရပ်များအား ဖြေရှင်းရေး ကြိုးပမ်းရာတွင် ရုရှားနှင့်အာဖရိကဒေသတို့က စည်းလုံးညီညွတ်စွာ ချဉ်းကပ်လုပ်ဆောင်လျက်ရှိသည်ဟု ရုရှား သမ္မတ ဗလာဒီမာပူတင်က ယခုနှစ် မေလ ၇ ရက်တွင် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ ဒန်းနစ်ဆက်ဆူ ငူအက်ဆိုနှင့်တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့ကြောင်း Iv သတင်းဌာနဖော်ပြချက်အရ သိရသည်။

23 Jul

ADVERTISE HERE .