“ရန်ကုန်မြို့ရှိ မြို့နယ် ၉ ခုမှာ ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းနှင့် ရက် ၉၀ ဆန်များကို သက်သာသော ဈေးနှုန်းများနဲ့ လိုက်လံရောင်းချပေး”

23 Jul

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၉ ခုတို့ရှိ ဈေး ၉ ခုတို့မှာ ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းနှင့် ရက် ၉၀ ဆန် များကို သက်သာသောဈေးနှုန်းများနဲ့ ဇူလိုင်လ ၂၄ ရက်မှ ၂၆ ရက်အထိ ၃ ရက်တိုင်တိုင် လိုက်လံရောင်းချ ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းက အသိပေးထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ချက်အရ တစ်ရက်လျှင် မြို့နယ် ၃ ခုရှိ ဈေးနေရာ ၃ ခုတို့တွကိရောင်းချပေးမှာဖြစ်ပြီး ဇူလိုင်လ ၂၄ ရက်မှာ ဗိုလ်တထောင်မြို့နယ်ရှိ ဘိုကလေးဈေး၊ စမ်းချောင်းမြို့နယ်ရှိ မြေနီကုန်းဈေးနှင့် ကြည့်မြင်တိုင်မြို့နယ်ရှိ ထီးတန်းဈေးတို့မှာ စတင်ရောင်းချပေးမယ်လို့ သိရပါတယ်။ ဇူလိုင်လ ၂၅ ရက်တွင် သာကေတမြို့နယ်ရှိ(၁) ဈေး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏဈေး၊ ကမာရွတ်မြို့နယ်ရှိ ဆင်မလိုက်ဈေးနှင့် ဇူလိုင်လ ၂၆ ရက်တွင် အင်းစိန်မြို့နယ်ရှိ ဖော့ကန်ဈေး၊ မြောက်ဥက္ကလာမြို့နယ် ရွှေပေါက်ကံ၊ တောင်ဒဂုံမြို့နယ်ရှိ ၂၀ ဈေးတို့မှာ ဆက်လက်ရောင်းချပေးမည်ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ဆန်စပါးကုန်စည်ဒိုင်များမှာ သက်သာသောဈေးနှုန်းဖြစ်တဲ့ ရွှေဘိုပေါ်ဆန်း 10 Kg တစ်အိတ်လျှင် ကျပ် ၃၁,၀၀၀ နှင့် ဧရာဝတီပေါ်ဆန်း 10 Kg တစ်အိတ်လျှင် ကျပ် ၂၄,၀၀၀ တို့နဲ့ အင်္ဂါနေ့မှ သောကြာနေ့အထိ ရောင်းချပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS 004)

23 Jul

ADVERTISE HERE .