“ရန်ကုန်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အထူးစီမံချက်ဆောင်ရွက်နေ”
23 Jul
ရန်ကုန်တိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အထူးစီမံချက်ကို အကောင်အထည် ဖော်ဆောင်ရွက်နေပါတယ်။ ရက်သတ္တပတ်ကျော်ကြာမြင့်သည့် ထိုစီမံချက်အတွင်း ပိုးလောက်လမ်း နှိမ်နင်းခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းတို့ကို ရန်ကုန် ၄၄ မြို့နယ်လုံးမှာ တစ်ပြိုင်တည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အခုစီမံချက်ကို ဇူလိုင်လ ၂၁ ရက်ကနေစတင်ခဲ့ပြီ ရန်ကုန်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ ရပ်ကွက်များမှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများလာကြောင်း သိရပါတယ်။ ဒါကြောင့် မြို့နယ်ကျန်းမာရေးဌာနက တာဝန်ရှိသူများနှင့် ပရဟိတအဖွဲ့အစည်းများ ပူးပေါင်းကာ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းစတဲ့လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရပါတယ်။ မှတ်တမ်းများအရ ယခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူက ယခုလအထိ ၁၂ ဦးရှိပြီ ဖြစ်ပါတယ်။ (NVS 004)