“ဗိုလ်ချုပ်အောင်ဆန်း စီးခဲ့သောကားကို ယခုထိပြုပြင်ထိန်းသိမ်းထားနိုင်ဆဲဖြစ်”
23 Jul
ဗိုလ်ချုပ်အောင်ဆန်းစီးခဲ့သော Wolseley ကားကို မူလအတိုင်း မောင်းနှင်၊ အသုံးပြုနိုင်စေရန် ထိန်းသိမ်း ထားပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း အသုံးပြုခဲ့သောကားမှာ Wolseley 18/85 အမျိုးအစား ကားဖြစ်ပြီး ၁၉၄၂ ခုနှစ်က အင်္ဂလန်နိုင်ငံမှာ ထုတ်လုပ်တာ ဖြစ်ပါတယ်။ အင်ဂျင်မှာ ၆ လုံးထိုး Straight-6 ဆလင်ဒါအင်ဂျင်တပ်ဆင်ထားကြောင်းသိရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်မှာ ဘုရင်ခံရဲ့ အမှုဆောင်ကောင်စီဒုတိယသဘာပတိရာထူး လက်ခံပြီးနောက် မူလစီးနင်းနေသော ဂျစ်ကားအမှတ် – ၆၆အစား Wolseley 18/85 ကားကို ပြောင်းလဲစီးနင်းခဲ့တယ်လို့ သိရပါတယ်။ အဆိုပါကားကို ထိန်းသိမ်းပြုပြင်ခဲ့တဲ့ HTOO AUTO Service ရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသား ဖော်ပြချက်များအရ သိရပါတယ်။ HTOO AUTO Service က ယင်းကားနှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ဘက်က ပြုပြင်ရန်အပ်နှံသောကြောင့် ကားနှင့်ပတ်သက်၍ အသေးစိတ်ပြန်လည်ထိန်းသိမ်း၊ ပြုပြင်ပေးခဲ့ခြင်းဖြစ်ကာ အဆင်သင့်မောင်းနှင်နိုင်ကြောင်း သိရပါတယ်။ (NVS 004)