“UID နံပါတ်မရသေးတဲ့ အငြိမ်းစားဝန်ထမ်းများရဲ့ ပင်စင်လစာများကို ယခင်အတိုင်းထုတ်ပေးနေ”

23 Jul

အသက်အရွယ်၊ ကျန်းမာရေးအခြေအနေနှင့် အခြားအုပ်ချုပ်မှုဆိုင်ရာ ကိစ္စအခက်အခဲများကြောင့် UID နံပါတ် မရရှိသေးသူများ၏ အငြိမ်းစားလစာများကိုလည်း ယခင်ထုတ်ယူနေကျအတိုင်း မြန်မာ့စီးပွားရေးဘဏ်များမှာ စီစဉ်ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ ထုတ်ပြန်ထားပါတယ်။ ပင်စင်လစာထုတ်ယူရန် အခက်အခဲရှိပါက သက်ဆိုင်ရာ ဘဏ်ခွဲမန်နေဂျာများထံ ဆက်သွယ်ဆောင်ရွက် နိုင်ကြောင်း အသိပေးကြေညာထားပါတယ်။ မြန်မာ့စီးပွားရေးဘဏ်က အငြိမ်းစားများရဲ့ ပင်စင်လစာထုတ်ယူရာတွင် ခေတ်မီနည်းပညာ အသုံးပြုစိစစ်ဆောင်ရွက်နိုင်ရန်အတွက် Centralized e-Pension စနစ်နှင့် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ e-ID စနစ်တို့ ချိတ်ဆက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ယင်းသို့ဆောင်ရွက်ရာမှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပေးသော အငြိမ်းစား များ၏ UID နံပါတ်များကိုရယူ၍ အချက်အလက်များကို မြန်မာ့စီးပွားရေဘဏ်၏ Centralized e-Pension Program oz မှာထည့်သွင်းရန် လိုအပ်ကြောင်း အသိပေးထားပါတယ်။ ဒါကြောင့် မြန်မာ့စီးပွားရေးဘဏ် ၁၇၁ ဘဏ်တွင် UID နံပါတ်ရပြီးသူ အငြိမ်းစားများထံမှ အချက်အလက်များကို ရယူထည့်သွင်းဆောင်ရွက်လျက်ရှိပြီး UID နံပါတ်ရရှိခြင်း မရှိသေးသူများအတွက် ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ (NVS 004)

23 Jul

ADVERTISE HERE .