“ဗီယက်နမ်၊ ကမ္ဘောဒီးယားတို့နဲ့ တစ်အုပ်စုတည်းကျ‌ရောက်ခဲ့တဲ့ မြန်မာအသင်း”

22 Jul

၂၀၂၅ အာဆီယံအမျိုးသမီး ယူ-၁၆ ပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲကို ဒီနေ့ပြုလုပ်ခဲ့ပြီး မြန်မာအသင်းဟာ အုပ်စု (B) မှာ ဗီယက်နမ်၊ ကမ္ဘောဒီးယားတို့နဲ့အတူ ကျရောက်ခဲ့ပါတယ်။ အုပ်စု (A) မှာ အင်ဒိုနီးရှား၊ မလေးရှားနဲ့ တီမော၊ အုပ်စု (C) မှာ ထိုင်း၊ စင်ကာပူနဲ့ သြစတြေးလျတို့ ကျရောက်ခဲ့ပါတယ်။ အုပ်စုပထမရတဲ့ သုံးသင်းနဲ့ အကောင်းဆုံးအုပ်စုဒုတိယအသင်း နောက်တစ်ဆင့်တက်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး သြဂုတ်လ ၂၀ ကနေ ၂၉ ရက်အထိ ယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။ (NVS-008)

22 Jul

ADVERTISE HERE .