“ပစ်ဖို့ဒ် ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုမယ့် အဲဗာတန်အသင်း”
22 Jul
အဲဗာတန်အသင်းဟာ အင်္ဂလန်ဂိုးသမား ပစ်ဖို့ဒ် ကို ၄ နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ နံပါတ်(၁)ဂိုးသမား ပစ်ဖို့ဒ် ဟာ ၂၀၁၇ ခုနှစ်ကတည်းက အဲဗာတန်အသင်းရဲ့ အဓိကဂိုးသမားအဖြစ် လက်စွမ်းပြနေခဲ့တာဖြစ်ပြီး သူ့ရဲ့လက်ရှိစာချုပ်က ၂၀၂၇ မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ ပစ်ဖို့ဒ် ဟာ ထိပ်သီးအသင်းတွေရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရပေမဲ့ အဲဗာတန်အသင်းမှာသာ ဆက်ကစားဖို့ ဆန္ဒရှိတာကြောင့် သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကို လက်ခံဖို့ သေချာသလောက်ရှိနေတယ်လို့ သိရပါတယ်။ အဲဗာတန်အသင်းက ပစ်ဖို့ဒ် ကို ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုးမှာဖြစ်ပြီး လစာနှုန်းထားကိုလည်း တစ်နှစ်ပေါင် ၆ သန်းနှုန်း တိုးမြှင့် ပေးသွားမယ်လို့ သိရပါတယ်။ (NVS-008)
22 Jul