“မြန်မာ့လက်ရွေးစင် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောအသင်းများ လက်ရည်စမ်းပွဲ ကစားမည်”
22 Jul
၂၀၂၅ ထိုင်းဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ပြင်ဆင်လေ့ကျင့်မှု ပြုလုပ်နေတဲ့ မြန်မာ့လက်ရွေးစင် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောအသင်းများ လက်ရည်စမ်းပွဲများ ယှဉ်ပြိုင်ကစားကြမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်(MVF)က မြန်မာ့လက်ရွေးစင် အမျိုးသား၊ အမျိုးသမီး ဘော်လီဘော အသင်းတွေရဲ့ လက်ရည်စမ်းပွဲများကို လာမယ့်ဇူလိုင်လ ၂၅၊ ၂၆၊ ၂၇ ရက်တို့မှာ ရန်ကုန်မြို့ရှိ အောင်ဆန်းမိုးလုံလေလုံ အားကစားရုံမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ် အမျိုးသားလက်ရည်စမ်းပွဲများအဖြစ် ပဏာမလက်ရွေးစင် A၊ B၊ C သုံးသင်းခွဲကာ အုပ်စုပတ်လည်ပုံစံနဲ့ ယှဉ်ပြိုင်ကစားစေမယ်လို့ သိရပါတယ်။ အမျိုးသားလက်ရည်စမ်းပွဲများကို ဇူလိုင်လ ၂၅၊ ၂၆ ရက်မှာ မနက် ၈ နာရီနဲ့ ဇူလိုင် ၂၇ ရက် ညနေ ၃ နာရီမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အမျိုးသမီးလက်ရည်စမ်းပွဲအဖြစ် ဇူလိုင်လ ၂၇ ရက်မနက် ၈ နာရီမှာ ပဏာမလက်ရွေးစင်အသင်းနဲ့ လူငယ်မျိုးဆက်သစ်အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ အဆိုပါ လက်ရည်စမ်းပွဲများကို ဘယ်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်တယ်လို့ အသိပေးထားပါတယ်။ (NVS-008)