“အမ်ဘူမို ကို ၂၀၃၀ အထိစာချုပ်ချုပ်ဆိုခဲ့တဲ့ မန်ယူအသင်း”

22 Jul

မန်ယူအသင်းဟာ အမ်ဘူမိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်းနဲ့ အပိုဆုကြေး ပေါင် ၆ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ မန်ယူအသင်းက အမ်ဘူမို ကို ၂၀၃၀ အထိ စာချုပ်ချုပ် ဆိုခဲ့ပြီး နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်လည်းပါဝင်တယ်လို့ သိရပါတယ်။ အမ်ဘူမို က မန်ယူအသင်းကို ပြောင်းရွှေ့နိုင်တဲ့ အခွင့်အရေးရလာခြင်းက သူရဲ့ အိပ်မက်တစ်ခုဖြစ်ပြီး မန်ယူအသင်းဂျာစီကို ဝတ်ဆင်ရင်း ကြီးပြင်းလာတာ ဖြစ်တယ်လို့ အမ်ဘူမိုက ပြောကြားခဲ့ပါတယ်။ အမ်ဘူမို ဟာ ပြီးခဲ့တဲ့ရာသီက ဂိုး ၂၀ သွင်းကာ ၇ ဂိုး ဖန်တီးခဲ့ပြီး ကစားသမားဘဝ အအောင်မြင်ဆုံးရာသီ ဖြစ်ခဲ့ပါတယ်။ (NVS-008)

22 Jul

ADVERTISE HERE .