“ဆော်ဒီကလပ် အယ်လ်ကာဆီယာအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ရေတယ်ဂီ”

22 Jul

အတ္တလန်တာအသင်းက စီးရီးအေဂိုးသွင်းဘုရင် ရေတယ်ဂီ ဟာ ဆော်ဒီကလပ် အယ်လ်ကာဆီယာအသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၅၆ သန်းကျော်နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ရေတယ်ဂီ ဟာ အယ်လ်ကာဆီယာအသင်းနဲ့ လေးနှစ်စာချုပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ ရေတယ်ဂီ ရဲ့ ပြောင်းရွှေ့ကြေးက ၂၀၂၃ ခုနှစ်မှာ အေစီမီလန်အသင်းကနေ နယူးကာဆယ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ တိုနာရီရဲ့ ပေါင် ၅၅ သန်းကိုကျော်ဖြတ်ကာ စီးရီးအေကစားသမား ရောင်းချမှုမှာ အမြင့်ဆုံး ဖြစ်လာခဲ့ပါတယ်။ ရေတယ်ဂီ ဟာ အယ်လ်ကာဆီယာအသင်းမှာ အူဘာမီယန်းနေရာတွင် အစားထိုးကစားရမှာ ဖြစ်ပါတယ်။ ‌ရေတယ်ဂီဟာ ပြီးခဲ့တဲ့ရာသီက စီးရီးအေမှာ ၃၆ ပွဲကစားခဲ့ပြီး သွင်းဂိုး ၂၅ ဂိုးအထိ သွင်းယူခဲ့ပါတယ်။ (NVS-008)

22 Jul

ADVERTISE HERE .