“နောင်ချိုမြို့နယ် ကျန်းမာရေး၊ တည်ငြိမ်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ရန် နစကဒုဥက္ကဋ္ဌမှ မှာကြား”

22 Jul

အကြမ်းဖက်သောင်းကျန်းသူများကြောင့် ဖျက်ဆီးခံခဲ့ရသည့် နောင်ချိုမြို့နယ်ကို ကျန်းမာရေး၊ တည်ငြိမ် အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အမြန်ဆုံးပြန်လည်ဆောင်ရွက်ရန် နစက ဒုတိယဥက္ကဋ္ဌ က နောင်ချိုမြို့ရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံစဉ်မှာ မှတ်ချက်ပြုပြောကြားခဲ့ ပါတယ်။ နောင်ချိုမြို့ရှိ ဒေသခံပြည်သူများနဲ့ တွေ့ဆုံစဉ်မှာ နစကဒုတိယဥက္ကဋ္ဌ က အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့တဲ့ နောင်ချိုပြည်သူ့ဆေးရုံကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိအောင် အမြန်ဆုံးပြန်လည်ပြုပြင်ပြီး ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး နောင်ချိုမြို့နယ် တည်ငြိမ်အေးချမ်းသာယာရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက် သွားရန်အတွက် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန်နဲ့ အခုလိုဆောင်ရွက် ရာမှာ ဒေသခံပြည်သူများအနေနဲ့ တပ်မတော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားရန် မှာကြားခဲ့ပါတယ်။ လာမည့် ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပသွားမှာဖြစ်တာကြောင့် ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိတဲ့ မည်သူမဆို ပါဝင်မဲပေးခွင့်ရရှိရေးအတွက် လိုအပ်တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများ အကြောင်း အမျိုးမျိုးကြောင့် ပျောက်ဆုံးခဲ့လျှင်လည်း သက်ဆိုင်ရာဝန်ကြီးဌာနမှ ဝန်ထမ်းများက အမြန်ဆုံးပြန်လည် ပြုလုပ် ပေးသွားမှာ ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ ပြည်သူတွေ အရေးကြီးတဲ့ ကျန်းမာရေးစောင့်ရှောက်မှုများပုံမှန်ပြန်လည် ဖြစ်စေရေးအပြင် အကြမ်းဖက် သောင်းကျန်းသူများ ဖျက်ဆီးခဲ့တဲ့ နေအိမ်များ၊ရုံးဌာနအဆောက်အအုံများနှင့် လမ်းတံတားများ အမြန်ဆုံးပြန်လည် ပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် တစ်ပိုင်တစ်နိုင်ဆောင်ရွက်ခြင်းအပြင် ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ နောင်ချိုမြို့ကို တပ်မတော်က ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မန္တလေး-လားရှိုးလမ်းမကြီး ပြန်လည်ဆက်သွယ်နိုင်ဖို့အတွက် ကျောက်မဲနဲ့ သီပေါမြို့တွေကို တရားဥပဒေစိုးမိုးမှုရရှိရေး ဆက်လက်ဆောင်ရွက် လိမ့်မယ်လို့ ပြည်သူတွေက မျှော်လင့်နေကြပါတယ်။

22 Jul

ADVERTISE HERE .