“တရုတ်နိုင်ငံသို့ ထောပတ်သီးအခြေခံအလှကုန်ပစ္စည်းများ တင်ပို့နိုင်ပြီဖြစ်”
22 Jul
ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် ထောပတ်သီးမှ ထုတ်လုပ်သည့် အခြေခံအလှကုန်ပစ္စည်းများကို တရုတ် နိုင်ငံသို့ တင်ပို့နိုင်ပြီဖြစ်ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရပါတယ်။ ထောပတ်သီးမှ အခြေခံထုတ်လုပ်တဲ့ အလှကုန်ပစ္စည်းများတင်ပို့လိုပါက တရုတ်နိုင်ငံ အလှကုန်ကြီးကြပ်ရေး နှင့် စီမံခန့်ခွဲရေးဆိုင်ရာစည်းမျဉ်း (Cosmetic Supervision and Administration Regulation-CSAR)မှ ထုတ်ပြန် ထားသည့် Special Cosmetics နှင့် General Cosmetics လျှောက်ထားခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ထောပတ်သီးနှင့် ထောပတ်သီးနှင့် ဆက်စပ်သည့် တန်ဖိုးမြင့် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ တင်ပို့နိုင်ရေးနှင့်စပ်လျဉ်း၍ လက်ရှိတွင် ထောပတ်သီးစိမ်းကို လတ်ဆတ်သော သစ်သီးဝလံ အဖြစ် တင်ပို့နိုင်ရေးအတွက် အန္တရာယ်ရှိ ဖျက်ပိုးများအတွက် လေ့လာအကဲဖြတ်ခြင်း (Pest Risk Analysis (PRA))ကို အဝေးရောက်စနစ်ဖြင့် လေ့လာအကဲဖြတ်ခြင်း (Remote Video Inspection) ကျင့်သုံးဆောင်ရွက်ရန် နှစ်နိုင်ငံ အကြား သဘောတူပြီးဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ထောပတ်သီးနှင့် ဆက်စပ်သောတန်ဖိုးမြှင့် စားသောက်ကုန်များဖြစ်တဲ့ ထောပတ်သီးဆီ၊ ဖျော်ရည်များ၊ အေးခဲသစ်သီး များကို GACC ၏ CIFER system မှတစ်ဆင့် လျှောက်ထားနိုင်ကြောင်း သိရပါတယ်။ (NVS-004)