“ထားဝယ်တံတားဆိပ်ကမ်းတွင် ရပ်ထားသည့် ထီးလှိုင်ရှင် အပျော်စီးနှစ်ထပ်သင်္ဘောနစ်မြုပ်မှုဖြစ်ပွား”

22 Jul

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မော်လမြိုင်ကမ်းနားလမ်း၊ ထားဝယ်တံတားဆိပ်ကမ်းတွင် ရပ်ထားသည့် ထီးလှိုင်ရှင် အမည်ရှိ အပျော်စီးနှစ်ထပ်သင်္ဘောဟာ ဇူလိုင်လ ၂၁ ရက်နံနက်အစောပိုင်းမှာ နစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း မော်လမြိုင်မြို့ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနမှ သိရပါတယ်။ နစ်မြုပ်ခဲ့မှုနဲ့ပတ်သက်ပြီး ဒေသခံများပြောပြမှုအရ ဇူလိုင်လ ၂၀ ရက် ည ၁၁ နာရီဝန်းကျင်ခန့်မှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လေပြင်းအနည်းငယ်တိုက်ခတ်မှုရှိခဲ့ကြောင်းနှင့် သင်္ဘောမှာရေစိမ့်ဝင်၍ တစ်ခြမ်း စောင်းကာ ပဲ့ပိုင်းကစတင်၍ တဖြည်းဖြည်းနစ်မြုပ်ခဲ့ပြီး လက်ရှိမှာ သင်္ဘောဦးပိုင်းအနည်းငယ်သာပေါ်နေတာကို မြင်တွေ့ရကြောင်း သိရပါတယ်။ အဆိုပါနစ်မြုပ်ခဲ့တဲ့ သင်္ဘောမှာ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနပိုင် သင်္ဘောဖြစ်ပြီး ဟာမိုနီအပျော်စီးသင်္ဘောအဖြစ် ပြေးဆွဲဝန်ဆောင်မှုပေးခဲ့ကြောင်းနှင့် ရေတက်နေတာကြောင့် ရေပြန်ကျသွားသည့်အချိန်မှသာ ၎င်းနစ်မြုပ်သွားသည့်သင်္ဘောကို ဆယ်ယူကြမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ (NVS-004}

22 Jul

ADVERTISE HERE .