“စတာလင်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၂၀ လို့ သတ်မှတ်လိုက်တဲ့ ချဲလ်ဆီးအသင်း”
21 Jul
ချဲလ်ဆီးအသင်းဟာ အင်္ဂလန်တောင်ပံကစားသမား စတာလင် အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၂၀ လို့ သတ်မှတ်လိုက်ကြောင်း သိရပါတယ်။ အသက် ၃၀ ရှိပြီဖြစ်တဲ့ စတာလင် ဟာ ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်အသင်းမှ အငှားချခံခဲ့ရပြီး အခုနှစ်နွေရာသီမှာတော့ ချဲလ်ဆီးအသင်းကနေ အပြီးသတ်ရောင်းထုတ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်း ဟာ စတာလင် ကို ၂၀၂၂ ခုနှစ်နွေရာသီမှာ မန်စီးတီးအသင်းဆီကနေ ပေါင် ၄၇ ဒသမ ၅ သန်းနဲ့ခေါ်ယူခဲ့ပြီး ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက စတာလင် ကို တစ်ပတ်ပေါင် ၃၂၅,၀၀၀ ပေးချေနေရတာကြောင့် ပြန်လည်ရောင်းထုတ်ဖို့ ဆန္ဒရှိနေတာဖြစ်ပြီးမြင့်မားတဲ့ လစာနှုန်းထားကြောင့် ခေါ်ယူလို တဲ့အသင်း နည်းပါးနေတယ်လို့လည်း သိရပါတယ်။ (NVS 008)
21 Jul