“ကိုနာတေး ကို သက်တမ်းတိုးနိုင်ဖို့သာ ကြိုးပမ်းနေတဲ့ လီဗာပူးလ်အသင်း”
21 Jul
လီဗာပူးလ်အသင်းဟာ ပြင်သစ်နောက်ခံလူ ကိုနာတေး ကို ရောင်းထုတ်လိုခြင်းမရှိဘဲ သက်တမ်းတိုးနိုင်ဖို့သာ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ အခုနောက်ပိုင်းမှာ လီဗာပူးလ်အသင်းရဲ့ အမာခံကစားသမားတစ်ဦးဖြစ်လာတဲ့ ကိုနာတေး ကို ရီးရဲလ်အသင်း အပါအဝင် ထိပ်သီးအသင်းတချို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ ကိုနာတေးနဲ့ လီဗာပူးလ်အသင်းရဲ့ စာချုပ်က ၂၀၂၆ ခုနှစ်အထိသာဖြစ်လို့ လီဗာပူးလ်အသင်းအနေနဲ့ သက်တမ်းတိုးနိုင်ခြင်းမရှိပါက ပြောင်းရွှေ့ကြေးအလွတ်နဲ့ ထွက်ခွာခွင့်ပြုရတော့မှာဖြစ်ပါတယ်။ ဒါကြောင့် ရီးရဲလ်အသင်းက လာမယ့်နှစ်မှာ အလွတ်ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းက လက်ရှိအချိန်မှာ သက်တမ်းတိုးနိုင်ဖို့ ကြိုးပမ်းနေပေမယ့် သဘောတူညီမှုမရပါက ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားသွားမှာဖြစ်ပြီး ပေါင်သန်း ၄၀ ရရှိပါက ရောင်းထုတ်ဖွယ်ရှိကြောင်း သိရပါတယ်။ (NVS 008)
21 Jul